NUGရဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ထမင်းကြော်နေတဲ့ပုံလေးတင်ပြီး၊ သူ့ရဲ့ဌာနအောက်က PDF တွေနဲ့ လက်ရည်တပြင်တည်းဆိုတာကို ညွှန်းဆိုလိုလို့ ပုံတင်လိုက်တာဖြစ်တယ်၊

ရန်သူဘက်က PDF တွေနဲ့ပြည်သူကြားကို ဝါဒဖြန့်နေတာက NUG ဝန်ကြီးတွေဟာ ထိုင်းမှာ၊စင်္ကါပူမှာ ရတဲ့ရံပုံငွေတွေနဲ့ တိုက်ခန်းတွေဝယ်၊ ကွန်ပျူတာတလုံးနဲ့ အဲကွန်းခန်းထဲကနေ ဇိမ်နဲ့နေပြီး ပြည်တွင်းကလူငယ်တွေကို သေခိုင်းနေတာ အစရှိသဖြင့် ဝါဒဖြန့်နေတာကို တန်ပြန်လိုလို့ တင်လိုက်ခြင်းဖြစ်တယ်။

ဒီအချိန် ဒီကာလဟာ လော်ဘီလုပ်ရမယ့်အချိန်ကာလမဟုတ်ဘူး၊နားလည်ပါတယ်၊ဒါပေမယ့် တစ်ဘက်က ဝါဒဖြန့်သွေးခွဲမှုနဲ့ စိတ်ဓါတ်စစ်ဆင်ရေးအပေါ် ကျနော်တို့ အရှိအတိုင်းချပြ တန်ပြန်ရမယ့်တာဝန်ရှိတယ်၊

ဘာကြောင့်လဲဆို နိုင်ငံတဝန်းမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအောက်ကနေ ရပ်တည်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်ထုတ် တိုက်ပွဲဝင်နေတဲ့ PDF အဖွဲ့ပေါင်းများစွါရှိနေပါတယ်၊ ယင်းအဖွဲ့ပေါင်းများစွာကို NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ အပြည့်အဝမကူညီနိုင်သေးပါဘူး။

ရရာ လက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့ PDF တွေကြား ငါတို့ရဲ့အကြီးအကဲဟာ ငါတို့နဲ့တသားတည်းရှိနေတယ်ဆိုတာကို သိကြဖို့လိုတယ်၊ ဒါကြောင့်လဲ ရန်သူဘက်က ဝါဒဖြန့်သလိုမဟုတ်ကြောင်း ကျနော်တို့ ချပြရတာဖြစ်ပါတယ်၊ အမှန်ဆို ဒီကိစ္စဟာ လုံခြုံရေးစည်းတောင် ကျိုးပျက်ရပါသေးတယ်။

ဒါဟာ လော်နေတာမဟုတ်ဘူး၊ လော်နေရမယ့်အချိန်လဲမဟုတ်ဘူး၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဘာတွေလုပ်လိုက်တယ်လို့ မြင်ချင်ရအောင် ဦးရည်မွန်ကို စစ်အာဏာရှင်တပ်က မအလလို့မြင်နေတာလား၊ လက်ရှိကာလမှာ NUG မှာ ဌာနအလိုက် သူ့နေရာ သူ့တာဝန်ကိုပေးအပ်ထားပေမယ့်၊ ဘယ်ကိစ္စကိုမဆို အားလုံးတိုင်ပင်ကြ ဆွေးနွေးကြ၊ ဆုံးဖြတ်ကြ လုပ်ဆောင်ကြရတာပါ။

အမြင်အမျိုးမျိုးကြားမှာ ကျနော်တို့ အကောင်းဘက်ကိုပဲ မြင်ပေးကြရအောင်ပါ၊ ကျနော်တို့ ညီညွတ်ကြရမယ်လေ၊ ဒါမှသာ ကျနော်တို့နိုင်မှာ

##################

NUGရဲ႕ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္၊ ထမင္းေၾကာ္ေနတဲ့ပုံေလးတင္ၿပီး၊ သူ႕ရဲ႕ဌာနေအာက္က PDF ေတြနဲ႕ လက္ရည္တျပင္တည္းဆိုတာကို ၫႊန္းဆိုလိုလို႔ ပုံတင္လိုက္တာျဖစ္တယ္၊

ရန္သူဘက္က PDF ေတြနဲ႕ျပည္သူၾကားကို ဝါဒျဖန့္ေနတာက NUG ဝန္ႀကီးေတြဟာ ထိုင္းမွာ၊စကၤါပူမွာ ရတဲ့ရံပုံေငြေတြနဲ႕ တိုက္ခန္းေတြဝယ္၊ ကြန္ပ်ဴတာတလုံးနဲ႕ အဲကြန္းခန္းထဲကေန ဇိမ္နဲ႕ေနၿပီး ျပည္တြင္းကလူငယ္ေတြကို ေသခိုင္းေနတာ အစရွိသျဖင့္ ဝါဒျဖန့္ေနတာကို တန္ျပန္လိုလို႔ တင္လိုက္ျခင္းျဖစ္တယ္။

ဒီအခ်ိန္ ဒီကာလဟာ ေလာ္ဘီလုပ္ရမယ့္အခ်ိန္ကာလမဟုတ္ဘူး၊နားလည္ပါတယ္၊ဒါေပမယ့္ တစ္ဘက္က ဝါဒျဖန့္ေသြးခြဲမႈနဲ႕ စိတ္ဓါတ္စစ္ဆင္ေရးအေပၚ က်ေနာ္တို႔ အရွိအတိုင္းခ်ျပ တန္ျပန္ရမယ့္တာဝန္ရွိတယ္၊

ဘာေၾကာင့္လဲဆို နိုင္ငံတဝန္းမွာ NUG ရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္မႈေအာက္ကေန ရပ္တည္တိုက္ပြဲဝင္သြားမယ္လို႔ ေၾကညာခ်က္ထုတ္ တိုက္ပြဲဝင္ေနတဲ့ PDF အဖြဲ႕ေပါင္းမ်ားစြါရွိေနပါတယ္၊ ယင္းအဖြဲ႕ေပါင္းမ်ားစြာကို NUG ကာကြယ္ေရးဝန္ႀကီးဌာနကေန အျပည့္အဝမကူညီနိုင္ေသးပါဘူး။

ရရာ လက္နက္စြဲကိုင္ တိုက္ပြဲဝင္ေနတဲ့ PDF ေတြၾကား ငါတို႔ရဲ႕အႀကီးအကဲဟာ ငါတို႔နဲ႕တသားတည္းရွိေနတယ္ဆိုတာကို သိၾကဖို႔လိုတယ္၊ ဒါေၾကာင့္လဲ ရန္သူဘက္က ဝါဒျဖန့္သလိုမဟုတ္ေၾကာင္း က်ေနာ္တို႔ ခ်ျပရတာျဖစ္ပါတယ္၊ အမွန္ဆို ဒီကိစၥဟာ လုံၿခဳံေရးစည္းေတာင္ က်ိဳးပ်က္ရပါေသးတယ္။

ဒါဟာ ေလာ္ေနတာမဟုတ္ဘူး၊ ေလာ္ေနရမယ့္အခ်ိန္လဲမဟုတ္ဘူး၊ NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ဘာေတြလုပ္လိုက္တယ္လို႔ ျမင္ခ်င္ရေအာင္ ဦးရည္မြန္ကို စစ္အာဏာရွင္တပ္က မအလလို႔ျမင္ေနတာလား၊ လက္ရွိကာလမွာ NUG မွာ ဌာနအလိုက္ သူ႕ေနရာ သူ႕တာဝန္ကိုေပးအပ္ထားေပမယ့္၊ ဘယ္ကိစၥကိုမဆို အားလုံးတိုင္ပင္ၾက ေဆြးေႏြးၾက၊ ဆုံးျဖတ္ၾက လုပ္ေဆာင္ၾကရတာပါ။

အျမင္အမ်ိဳးမ်ိဳးၾကားမွာ က်ေနာ္တို႔ အေကာင္းဘက္ကိုပဲ ျမင္ေပးၾကရေအာင္ပါ၊ က်ေနာ္တို႔ ညီၫြတ္ၾကရမယ္ေလ၊ ဒါမွသာ က်ေနာ္တို႔နိုင္မွာ

By admin

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *