လက္ရွိ စကစ စစ္ေၾကာင္းေတြက ခ်င္းကို အေပၚေအာက္ ညႇပ္တိုက္ဖို႔ ဗ်ဴဟာ ဆြဲၿပီး စစ္ဆင္ေရးေတြ စအေကာင္အထည္ေဖာ္ေနတာပါ၊

ခ်င္းၿမိဳ႕နယ္ေတြကိုလည္း အင္တာနက္ထပ္ျဖတ္ထားၿပီး ဟားခါးဖက္မွာဆို ရြာေတြဖက္ေတြမွာ စကစတပ္ေတြ စတင္ ဝင္ေရာက္လာလို႔ ထိေတြ႕တိုက္ပြဲေတြ စျဖစ္ေနၾကၿပီ၊

လက္နက္ကိုင္ ေတာ္လွန္ေရး အစပိုင္းတုန္းက မင္းတပ္ဖက္ကို ေတာက္ေလၽွာက္စစ္ေၾကာင္းတက္ေပမဲ့ ေဒသခံ PDFေတြကို မီးျဖတ္ ေရျဖတ္ ရိကၡာျဖတ္ ေဆးဝါးျဖတ္ေတြနဲ႔ေတာင္ မနိုင္လို႔ စကစ အက်အဆုံးမ်ားလို႔ ျပန္ဆုတ္သြားခဲ့ရတာ၊

လက္ရွိေတာ့ ေျမာက္ပိုင္းက ကေလးၿမိဳ႕ကို လက္နက္ႀကီးေတြနဲ႔ ခ်ိန္ၿပီး အနီးနားက PDF‌ေတြကို ၿငိမ္ေအာင္ ထိန္းထားတယ္၊ လႈပ္ရင္ ၿမိဳ႕ဖ်က္ပစ္မယ္ဆိုသည့္ အထာေပါ့၊ ၿပီးေတာ့ ကေလးကေန ဖလမ္းဖက္ကို စစ္ေၾကာင္းေတြ စေရြ႕တယ္၊

အဲဒီကေန အခုဟားခါးထိ ေရာက္ေနၿပီ၊ ဟားခါးမွာ CNA+ CDFတပ္‌ေတြနဲ႔ စၿပီး တိုက္ပြဲျဖစ္ေနတာပဲ၊ လမ္းတေလၽွာက္ KPDFက ဝင္မလုပ္ရဲဘူး၊ ကေလးၿမိဳ႕က စကစ အေရးႀကီးမိသားစုေတြကို ဟိုေန႔က ေလယာဥ္နဲ႔ ေဘးလႊတ္ရာ ေခၚထုတ္သြားၿပီး က်န္တဲ့ ျပည္သူေတြ ေသခ်င္ေသဆိုၿပီး ဓါးစာခံလုပ္ထားတာ၊ ဘယ္မီဒီယာမွ မေရးၾကေသးဘူး၊

ခ်င္းေတာင္ပိုင္းက မတူပီ မင္းတပ္လမ္းနား ေျမ‌ၿပိဳေနလို႔ လမ္းေတြပိတ္ေနတာကို အခုစကစ အင္ဂ်င္နယာတပ္ေတြ ရွင္းေနတာ၊ အဲဒါကို လာမပစ္ဖို႔ local PDFေတြကို အေၾကာင္းၾကားတယ္ ေအာ္လံေတြနဲ႔ လိုက္ေအာ္တယ္၊ ေကာင္းတာ လုပ္ေနတာ လာပစ္ခတ္တာမ်ိဳး မလုပ္ဖို႔ဆိုၿပီး၊

ခက္တာက ဒီလမ္းေတြ ေကာင္းသြားရင္ တက္လာဖို႔ သံခ်ပ္ကာကားေတြ အပါအဝင္ ကားအစီး၅၀ေလာက္ အေနာက္လမ္းမွာ ေရာက္ၿပီး ေစာင့္‌ေနၿပီ၊

ေသခ်ာတာက သူတို႔ ခ်င္းျပည္ကို အေသလုပ္ေတာ့မွာ၊ ေဘးနား ပတ္ပတ္လည္ၿမိဳ႕ေတြမွာလည္း အင္အားအလုံးအရင္းနဲ႔ ဝိုင္းထားတယ္၊

အေပၚေအာက္ စစ္ဆင္ေရးကို ဗိုလ္ခ်ဳပ္ေတဇေက်ာ္နဲ႔ ဗိုလ္ခ်ဳပ္သန္းလွိုင္ဆိုသည့္ အင္မတန္မွ ရက္စက္ၿပီး ဉာဏ္မ်ားသည့္ ဗ်ဴဟာမႉးႏွစ္ေကာင္ ဦးစီးၿပီး တပ္သား‌ေတြအေသခံ ညႇပ္တိုက္မွာ၊ မတန္မရာ “အေနာ္ရထာ”စစ္ဆင္ေရးဆိုၿပီး အမည္ေပးထားေသးတယ္၊

အခုေတာ့ ခ်င္းျပည္ကေန ဟို႔ကယားဖက္ကို ထြက္ေျပးသြားသည့္ စကစအသိုင္းအဝန္းက စိမ့္ဝင္ထားသည့္ ဒလန္ေၾကာင့္ အလႉေငြေတြ ရသင့္သေလာက္ မရတာ၊ အျခား ေထာက္ပံ့မႈေတြ ျပတ္လပ္လာတာ၊ လမ္းေၾကာင္းေတြ ေန႔စဥ္ရက္ဆက္ပိတ္ခံရတာ အစရွိသည့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အားအင္ခ်ိနဲ႔ေနေပမဲ့လည္း

ေဒသခံတပ္မ်ားကေတာ့ အခုစလာသည့္ စကစရဲ့ တိုက္စစ္ကို ႀကံ့ႀကံ့ခံသြားမယ္လို႔ ေျပာပါတယ္၊ က်ေနာ္တို႔လည္း တတ္နိုင္သေလာက္ တတ္နိုင္သည့္ဖက္ကေန ခ်င္းျပည္ကို လႉတန္းကူညီအားျဖည့္ရင္း စကစရဲ့ ေနဝင္ခ်ိန္ထိ အတူတူလက္တြဲၿပီး ႀကံ့ႀကံ့ခံသြားၾကပါစို႔။

ခ်င္းျပည္နယ္က ညီအကိုမ်ားရဲ့ ခံစစ္ေအာင္ျမင္ပါေစ…

source Hadee Maung

unicode

လက်ရှိ စကစ စစ်ကြောင်းတွေက ချင်းကို အပေါ်အောက် ညှပ်တိုက်ဖို့ ဗျူဟာ ဆွဲပြီး စစ်ဆင်ရေးတွေ စအကောင်အထည်ဖော်နေတာပါ၊

ချင်းမြို့နယ်တွေကိုလည်း အင်တာနက်ထပ်ဖြတ်ထားပြီး ဟားခါးဖက်မှာဆို ရွာတွေဖက်တွေမှာ စကစတပ်တွေ စတင် ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ စဖြစ်နေကြပြီ၊

လက်နက်ကိုင် တော်လှန်ရေး အစပိုင်းတုန်းက မင်းတပ်ဖက်ကို တောက်လျှောက်စစ်ကြောင်းတက်ပေမဲ့ ဒေသခံ PDFတွေကို မီးဖြတ် ရေဖြတ် ရိက္ခာဖြတ် ဆေးဝါးဖြတ်တွေနဲ့တောင် မနိုင်လို့ စကစ အကျအဆုံးများလို့ ပြန်ဆုတ်သွားခဲ့ရတာ၊

လက်ရှိတော့ မြောက်ပိုင်းက ကလေးမြို့ကို လက်နက်ကြီးတွေနဲ့ ချိန်ပြီး အနီးနားက PDF‌တွေကို ငြိမ်အောင် ထိန်းထားတယ်၊ လှုပ်ရင် မြို့ဖျက်ပစ်မယ်ဆိုသည့် အထာပေါ့၊ ပြီးတော့ ကလေးကနေ ဖလမ်းဖက်ကို စစ်ကြောင်းတွေ စရွေ့တယ်၊

အဲဒီကနေ အခုဟားခါးထိ ရောက်နေပြီ၊ ဟားခါးမှာ CNA+ CDFတပ်‌တွေနဲ့ စပြီး တိုက်ပွဲဖြစ်နေတာပဲ၊ လမ်းတလျှောက် KPDFက ဝင်မလုပ်ရဲဘူး၊ ကလေးမြို့က စကစ အရေးကြီးမိသားစုတွေကို ဟိုနေ့က လေယာဉ်နဲ့ ဘေးလွှတ်ရာ ခေါ်ထုတ်သွားပြီး ကျန်တဲ့ ပြည်သူတွေ သေချင်သေဆိုပြီး ဓါးစာခံလုပ်ထားတာ၊ ဘယ်မီဒီယာမှ မရေးကြသေးဘူး၊

ချင်းတောင်ပိုင်းက မတူပီ မင်းတပ်လမ်းနား မြေ‌ပြိုနေလို့ လမ်းတွေပိတ်နေတာကို အခုစကစ အင်ဂျင်နယာတပ်တွေ ရှင်းနေတာ၊ အဲဒါကို လာမပစ်ဖို့ local PDFတွေကို အကြောင်းကြားတယ် အော်လံတွေနဲ့ လိုက်အော်တယ်၊ ကောင်းတာ လုပ်နေတာ လာပစ်ခတ်တာမျိုး မလုပ်ဖို့ဆိုပြီး၊

ခက်တာက ဒီလမ်းတွေ ကောင်းသွားရင် တက်လာဖို့ သံချပ်ကာကားတွေ အပါအဝင် ကားအစီး၅ဝလောက် အနောက်လမ်းမှာ ရောက်ပြီး စောင့်‌နေပြီ၊

သေချာတာက သူတို့ ချင်းပြည်ကို အသေလုပ်တော့မှာ၊ ဘေးနား ပတ်ပတ်လည်မြို့တွေမှာလည်း အင်အားအလုံးအရင်းနဲ့ ဝိုင်းထားတယ်၊

အပေါ်အောက် စစ်ဆင်ရေးကို ဗိုလ်ချုပ်တေဇကျော်နဲ့ ဗိုလ်ချုပ်သန်းလှိုင်ဆိုသည့် အင်မတန်မှ ရက်စက်ပြီး ဉာဏ်များသည့် ဗျူဟာမှူးနှစ်ကောင် ဦးစီးပြီး တပ်သား‌တွေအသေခံ ညှပ်တိုက်မှာ၊ မတန်မရာ “အနော်ရထာ”စစ်ဆင်ရေးဆိုပြီး အမည်ပေးထားသေးတယ်၊

အခုတော့ ချင်းပြည်ကနေ ဟို့ကယားဖက်ကို ထွက်ပြေးသွားသည့် စကစအသိုင်းအဝန်းက စိမ့်ဝင်ထားသည့် ဒလန်ကြောင့် အလှူငွေတွေ ရသင့်သလောက် မရတာ၊ အခြား ထောက်ပံ့မှုတွေ ပြတ်လပ်လာတာ၊ လမ်းကြောင်းတွေ နေ့စဉ်ရက်ဆက်ပိတ်ခံရတာ အစရှိသည့် အကြောင်း အမျိုးမျိုးကြောင့် အားအင်ချိနဲ့နေပေမဲ့လည်း

ဒေသခံတပ်များကတော့ အခုစလာသည့် စကစရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံသွားမယ်လို့ ပြောပါတယ်၊ ကျနော်တို့လည်း တတ်နိုင်သလောက် တတ်နိုင်သည့်ဖက်ကနေ ချင်းပြည်ကို လှူတန်းကူညီအားဖြည့်ရင်း စကစရဲ့ နေဝင်ချိန်ထိ အတူတူလက်တွဲပြီး ကြံ့ကြံ့ခံသွားကြပါစို့။

ချင်းပြည်နယ်က ညီအကိုများရဲ့ ခံစစ်အောင်မြင်ပါစေ…

By admin

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *