လူေတြဟာ ဓမၼကိုတန္ဘိုးမထားၾကဘဲ ပုဂၢလကိုသာ တန္ဘိုးထားေနၾကေတာ့ ဆရာေတာ္ႀကီးလဲ စိတ္ညစ္ေနရၿပီ”

က်ဳပ္ကို ဖူး႐ုံသက္သက္နဲ႔ တရားမရနိုင္ပါဘူး … ပုံေတာင္ပုံညာေတာဘက္တုန္းကလဲ က်ဳပ္ အတိအလင္း ေၾကညာၿပီး ေမတၱာရပ္ခံခဲ့ၿပီးသားပါ။

ဒီသုံးႏွစ္ေတာ့ က်ဳပ္အလုပ္ကို က်ဳပ္ ေျဖာင့္ေအာင္ လုပ္ပါရေစဆိုတာေလ။ဒါလဲ စကား နားမေထာင္ၾကပါဘူးဗ်ာ။နည္းမ်ိဳးစုံနဲ႔ လိုက္လာၾကတာပါပဲ။

လိုက္လာေလ ပိုဆိုးေလျဖစ္မယ္ဆိုတာ က်ဳပ္လဲ စကားနဲ႔တြင္မက အလုပ္နဲ႔ သက္ေသ ျပခဲ့ၿပီးပါၿပီဗ်ာ။

အခု ဒီမဟာၿမိဳင္ေတာမွာလဲ က်ဳပ္ ဒီမူကိုပဲ ဆက္က်င့္သုံးမွာပဲ။သုံးႏွစ္တိတိ ဘယ္သူနဲ႔မၽွ မေတြ႕ခ်င္ဘူးဗ်ာ။

က်ဳပ္လုပ္ရမယ့္ အလုပ္ေတြ ရွိေနေသးလို႔ ဒီတရားအလုပ္ကို ေျဖာင့္ေအာင္လုပ္နိုင္ဖို႔ က်ဳပ္ေျပာထားတဲ့ စကားကို နားေထာင္ၾကဖို႔ ေမတၱာရပ္ခံခ်င္တာပါ။

လူေတြကလည္းဗ်ာ။ နာမည္ၾကားဖူးလို႔ ပြဲၾကည့္သလို ၾကည့္ရေအာင္ လာတာမ်ိဳး မ်ားပါတယ္ဗ်ာ။[ပညာလိုခ်င္လို႔ ဓမၼလိုခ်င္လို႔ လာတဲ့လူ မရွိသေလာက္ပါပဲ။]

က်ဳပ္မွာကလဲ က်ဳပ္ဒုကၡနဲ႔ က်ဳပ္ဗ်။ တစ္ေတာ တစ္ေတာင္ကို သုံးႏွစ္စီ အဓိ႒ာန္နဲ႔ သီတင္းသုံးခဲ့ေလေတာ့ အခု ေတာထြက္လာတာ

ႏွစ္ဆယ့္သုံးႏွစ္ထဲမွာဆိုေတာ့ ေနရာမ်ားခဲ့သလို တပည့္ဒကာေတြ မ်ားခဲ့ေလေတာ့ ဘာရယ္မဟုတ္၊ သံေယာဇဥ္နဲ႔ ေနာက္က တေကာက္ေကာက္ လိုက္ေနၾကတာဗ်။

သူတို႔ေတြကို အလုပ္လုပ္ၾကဖို႔ အလုပ္စခန္းေတြ က်ဳပ္ လုပ္ေပးခဲ့ၿပီးပါၿပီ။ တရားေတြ ေဟာခဲ့တာလည္း မနည္းေတာ့ပါဘူးဗ်ာ။

အခုေရာ က်ဳပ္ကိုယ္စား က်ဳပ္ေရးထားတဲ့ က်မ္းစာအုပ္ေတြနဲ႔ သူ႔တို႔အက်ိဳးကို ေဆာင္ေနတာပဲ မဟုတ္လား။ ေတာ္ေရာေပါ့ဗ်ာ။ က်ဳပ္လုပ္ရမယ့္ အလုပ္ကို အေႏွာင့္အယွက္ကင္းကင္းနဲ႔ လုပ္ပါရေစေတာ့။

အင္း … ပုထုဇဥ္ေတြဆိုတာ အစြဲစိတ္က မ်ားေလေတာ့ ဟိုလူ႔က်ေတာ့ အခြင့္အေရးေပးတယ္။ ဟိုအသင္းအဖြဲ႕က်ေတာ့ မ်က္ႏွာလိုက္တယ္။သူတို႔က မူလပထမပါ..နဲ႔ စုံလို႔ဗ်ာ။

ေနာက္က အေႂကြးေတာင္းသလို လိုက္ေနၾကတာ၊ မၿပီးေတာ့ပါဘူးဗ်ာ။ ကိုယ့္အလုပ္ ကိုယ္လုပ္ေနၾကပါေတာ့လားဗ်ာ။

က်ဳပ္ေနာက္လိုက္ေနရင္ ပုဂၢိဳလ္ကိုပဲ ေတြ႕ရမွာေပါ့ဗ်ာ၊ ဓမၼကို ေတြ႕ခ်င္ရင္ က်ဳပ္ေဟာခဲ့တဲ့တရားေတြ၊ က်ဳပ္ေရးခဲ့တဲ့ က်မ္းစာေတြက တစ္ဆင့္ ဓမၼကို ခ်ဥ္းကပ္နိုင္ပါသဗ်ာ။

ဒါေတြဟာလဲ က်ဳပ္ကအဆန္းထြင္ၿပီး ေျပာတာ တစ္ခုမၽွ မပါပါဘူးဗ်ာ။ အဖဘုရားရွင္ ေဟာမိန႔္ခဲ့တာေတြကို က်ဳပ္က တဆင့္ျပန္ေျပာခဲ့တာခ်ည္းပါဗ်ာ။

အဲဒီေတာ့ က်ဳပ္ကို ပုဂၢိဳလ္ေရးအရ ဆည္းကပ္ကိုးကြယ္ေနတာထက္ ဘုရားစကားကို ပိုၿပီးနားေထာင္ျဖစ္ေအာင္ ႀကိဳးစားဖို႔ မလိုဘူးလားဗ်ာ၊

အဲဒီလို ဘုရားစကားကို နားေထာင္တယ္ဆိုရင္ ဘုရားလုပ္ခိုင္းတဲ့အလုပ္ကို လုပ္ျဖစ္ေနရင္ ဘုရားအလိုက် သတိပ႒ာန္တရားကို အားထုတ္ေနရင္ “ပုဂၢိဳလ္”ဆိုတာ လိုေသးလို႔လားဗ်ာ။

က်ဳပ္အနားမွာ ေန႐ုံနဲ႔ တရားမရပါဘူး၊နိဗၺာန္မေရာက္နိုင္ပါဘူးဗ်။က်ဳပ္ကို ဖူး႐ုံသက္သက္နဲ႔လဲ တရား မရနိုင္ပါဘူး။ နိဗၺာန္ မေရာက္နိုင္ပါဘူးဗ်။

ဘုရားကို “ပုဂၢိဳလ္ခင္” ခင္ၿပီး ေနာက္က တေကာက္ေကာက္လိုက္ၿပီး ဖူးေနတဲ့ ဝကၠလိရဟန္းကို ဘုရားရွင္က ဘယ္လို ဆုံးမခဲ့တယ္ဆိုတာလဲ အားလုံး သိၾကၿပီးသားပါဗ်ာ။

တရားအားထုတ္ ေနတယ္ဆိုရင္ပဲ က်ဳပ္ကို လုပ္ေကၽြးတာထက္၊ ပုဂၢိဳလ္ေရး လာဖူးေနတာထက္ ပိုပါတယ္ဗ်။

က်ဳပ္နဲ႔ အတူတူ ေတြ႕လိုသပ ဆိုရင္ က်ဳပ္ေတြ႕ေနတဲ့ အာ႐ုံကို ထပ္တူထပ္မၽွ ေတြ႕ေအာင္ ႀကိဳးစားလုပ္ၾကဖို႔ပါဗ်ာ။ဒါဆိုရင္ က်ဳပ္နဲ႔ အျမဲတမ္း ေတြ႕ခြင့္ ရေနမွာပါပဲဗ်ာ။

ေရွ႕က သြားႏွင့္ၾကတဲ့ ဘုရားရွင္နဲ႔တကြေသာ ရဟႏၲာအရိယာမ်ားအားလုံး အဲဒီလိုပဲ ႏွလုံးသြင္းဆင္ျခင္ၿပီး အားထုတ္သြားၾကေတာ့ နိဗၺာန္ဆိုတဲ့ မဂ္ရဲ့အာ႐ုံမွာ အေတြ႕ေတြတူလို႔ အတူေတြ႕ေနၾကတယ္ မဟုတ္လားဗ်ာ”

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး

unicode

လူတွေဟာ ဓမ္မကိုတန်ဘိုးမထားကြဘဲ ပုဂ္ဂလကိုသာ တန်ဘိုးထားနေကြတော့ ဆရာတော်ကြီးလဲ စိတ်ညစ်နေရပြီ”

ကျုပ်ကို ဖူးရုံသက်သက်နဲ့ တရားမရနိုင်ပါဘူး … ပုံတောင်ပုံညာတောဘက်တုန်းကလဲ ကျုပ် အတိအလင်း ကြေညာပြီး မေတ္တာရပ်ခံခဲ့ပြီးသားပါ။

ဒီသုံးနှစ်တော့ ကျုပ်အလုပ်ကို ကျုပ် ဖြောင့်အောင် လုပ်ပါရစေဆိုတာလေ။ဒါလဲ စကား နားမထောင်ကြပါဘူးဗျာ။နည်းမျိုးစုံနဲ့ လိုက်လာကြတာပါပဲ။

လိုက်လာလေ ပိုဆိုးလေဖြစ်မယ်ဆိုတာ ကျုပ်လဲ စကားနဲ့တွင်မက အလုပ်နဲ့ သက်သေ ပြခဲ့ပြီးပါပြီဗျာ။

အခု ဒီမဟာမြိုင်တောမှာလဲ ကျုပ် ဒီမူကိုပဲ ဆက်ကျင့်သုံးမှာပဲ။သုံးနှစ်တိတိ ဘယ်သူနဲ့မျှ မတွေ့ချင်ဘူးဗျာ။

ကျုပ်လုပ်ရမယ့် အလုပ်တွေ ရှိနေသေးလို့ ဒီတရားအလုပ်ကို ဖြောင့်အောင်လုပ်နိုင်ဖို့ ကျုပ်ပြောထားတဲ့ စကားကို နားထောင်ကြဖို့ မေတ္တာရပ်ခံချင်တာပါ။

လူတွေကလည်းဗျာ။ နာမည်ကြားဖူးလို့ ပွဲကြည့်သလို ကြည့်ရအောင် လာတာမျိုး များပါတယ်ဗျာ။[ပညာလိုချင်လို့ ဓမ္မလိုချင်လို့ လာတဲ့လူ မရှိသလောက်ပါပဲ။]

ကျုပ်မှာကလဲ ကျုပ်ဒုက္ခနဲ့ ကျုပ်ဗျ။ တစ်တော တစ်တောင်ကို သုံးနှစ်စီ အဓိဋ္ဌာန်နဲ့ သီတင်းသုံးခဲ့လေတော့ အခု တောထွက်လာတာ

နှစ်ဆယ့်သုံးနှစ်ထဲမှာဆိုတော့ နေရာများခဲ့သလို တပည့်ဒကာတွေ များခဲ့လေတော့ ဘာရယ်မဟုတ်၊ သံယောဇဉ်နဲ့ နောက်က တကောက်ကောက် လိုက်နေကြတာဗျ။

သူတို့တွေကို အလုပ်လုပ်ကြဖို့ အလုပ်စခန်းတွေ ကျုပ် လုပ်ပေးခဲ့ပြီးပါပြီ။ တရားတွေ ဟောခဲ့တာလည်း မနည်းတော့ပါဘူးဗျာ။

အခုရော ကျုပ်ကိုယ်စား ကျုပ်ရေးထားတဲ့ ကျမ်းစာအုပ်တွေနဲ့ သူ့တို့အကျိုးကို ဆောင်နေတာပဲ မဟုတ်လား။ တော်ရောပေါ့ဗျာ။ ကျုပ်လုပ်ရမယ့် အလုပ်ကို အနှောင့်အယှက်ကင်းကင်းနဲ့ လုပ်ပါရစေတော့။

အင်း … ပုထုဇဉ်တွေဆိုတာ အစွဲစိတ်က များလေတော့ ဟိုလူ့ကျတော့ အခွင့်အရေးပေးတယ်။ ဟိုအသင်းအဖွဲ့ကျတော့ မျက်နှာလိုက်တယ်။သူတို့က မူလပထမပါ..နဲ့ စုံလို့ဗျာ။

နောက်က အကြွေးတောင်းသလို လိုက်နေကြတာ၊ မပြီးတော့ပါဘူးဗျာ။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြပါတော့လားဗျာ။

ကျုပ်နောက်လိုက်နေရင် ပုဂ္ဂိုလ်ကိုပဲ တွေ့ရမှာပေါ့ဗျာ၊ ဓမ္မကို တွေ့ချင်ရင် ကျုပ်ဟောခဲ့တဲ့တရားတွေ၊ ကျုပ်ရေးခဲ့တဲ့ ကျမ်းစာတွေက တစ်ဆင့် ဓမ္မကို ချဉ်းကပ်နိုင်ပါသဗျာ။

ဒါတွေဟာလဲ ကျုပ်ကအဆန်းထွင်ပြီး ပြောတာ တစ်ခုမျှ မပါပါဘူးဗျာ။ အဖဘုရားရှင် ဟောမိန့်ခဲ့တာတွေကို ကျုပ်က တဆင့်ပြန်ပြောခဲ့တာချည်းပါဗျာ။

အဲဒီတော့ ကျုပ်ကို ပုဂ္ဂိုလ်ရေးအရ ဆည်းကပ်ကိုးကွယ်နေတာထက် ဘုရားစကားကို ပိုပြီးနားထောင်ဖြစ်အောင် ကြိုးစားဖို့ မလိုဘူးလားဗျာ၊

အဲဒီလို ဘုရားစကားကို နားထောင်တယ်ဆိုရင် ဘုရားလုပ်ခိုင်းတဲ့အလုပ်ကို လုပ်ဖြစ်နေရင် ဘုရားအလိုကျ သတိပဋ္ဌာန်တရားကို အားထုတ်နေရင် “ပုဂ္ဂိုလ်”ဆိုတာ လိုသေးလို့လားဗျာ။

ကျုပ်အနားမှာ နေရုံနဲ့ တရားမရပါဘူး၊နိဗ္ဗာန်မရောက်နိုင်ပါဘူးဗျ။ကျုပ်ကို ဖူးရုံသက်သက်နဲ့လဲ တရား မရနိုင်ပါဘူး။ နိဗ္ဗာန် မရောက်နိုင်ပါဘူးဗျ။

ဘုရားကို “ပုဂ္ဂိုလ်ခင်” ခင်ပြီး နောက်က တကောက်ကောက်လိုက်ပြီး ဖူးနေတဲ့ ဝက္ကလိရဟန်းကို ဘုရားရှင်က ဘယ်လို ဆုံးမခဲ့တယ်ဆိုတာလဲ အားလုံး သိကြပြီးသားပါဗျာ။

တရားအားထုတ် နေတယ်ဆိုရင်ပဲ ကျုပ်ကို လုပ်ကျွေးတာထက်၊ ပုဂ္ဂိုလ်ရေး လာဖူးနေတာထက် ပိုပါတယ်ဗျ။

ကျုပ်နဲ့ အတူတူ တွေ့လိုသပ ဆိုရင် ကျုပ်တွေ့နေတဲ့ အာရုံကို ထပ်တူထပ်မျှ တွေ့အောင် ကြိုးစားလုပ်ကြဖို့ပါဗျာ။ဒါဆိုရင် ကျုပ်နဲ့ အမြဲတမ်း တွေ့ခွင့် ရနေမှာပါပဲဗျာ။

ရှေ့က သွားနှင့်ကြတဲ့ ဘုရားရှင်နဲ့တကွသော ရဟန္တာအရိယာများအားလုံး အဲဒီလိုပဲ နှလုံးသွင်းဆင်ခြင်ပြီး အားထုတ်သွားကြတော့ နိဗ္ဗာန်ဆိုတဲ့ မဂ်ရဲ့အာရုံမှာ အတွေ့တွေတူလို့ အတူတွေ့နေကြတယ် မဟုတ်လားဗျာ”

မဟာဗောဓိမြိုင်ဆရာတော်ကြီး

By admin

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *