ေကာ့ေသာင္း လုံးေဖာရြာတြင္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက အသက္ ၁၁ ႏွစ္အရြယ္ ေမာင္သီဟေအာင္ကို ပစ္သတ္ၿပီး ေက်းရြာသား ၂ဝဦးကို ရိုက္ႏွက္ ဖမ္းဆီးသြား

ေကာ့ေသာင္းၿမိဳ႕နယ္ လုံးေဖာေက်းရြာ ထိုင္းနယ္စပ္ရွိ ေရာ္ဘာအလုပ္႐ုံတြင္ ဖခင္ႏွင့္ အတူအလုပ္ကူညီကိုင္ေနသည့္ အသက္ ၁၁ ႏွစ္အရြယ္ ေမာင္သီဟေအာင္ကို

ေအာက္တိုဘာလ ၁ဝရက္ေန႔တြင္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက ပစ္သတ္ခဲ့ၿပီး

အဆိုပါ အလုပ္႐ုံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ေက်းရြာသား ၂ဝဦးကိုလည္း ဖမ္းဆီးသြားေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္မီဒီယာကို ေျပာဆိုသည္။

” ျဖစ္စဥ္အဓိကကေတာ့ ပ်ဴေစာထီး ေခါင္းေဆာင္ ဦးေအာင္စိန္ႏွင့္ ဦးေမာင္ရီတို႔ေပါ့။

သူတို႔က ေမာင္သီဟေအာင္ရဲ့ အေဖျဖစ္တဲ့ ကိုလင္းထြန္းကို ဖမ္းဖို႔ဆိုၿပီး သတင္းေပးတာေပါ့။

ဖမ္းခိုင္းတဲ့ အေၾကာင္းရင္းကေတာ့ ပ်ဴေစာထီး ေခါင္းေဆာင္ ဦးေမာင္ရီရဲ့ မိန္းမနဲ႔ တူျဖစ္သူကို ေသနတ္ပစ္သြားတဲ့ တရားခံက ကိုလင္းထြန္းဆိုၿပီး ဖမ္းခိုင္းတာ ဖမ္းေတာ့ စစ္ေခြးေတြက ပစ္ၿပီးဖမ္းတာေပါ့။

ကိုလင္းထြန္းက ေသနတ္ဒဏ္ရာရတယ္။ သူ႔သားျဖစ္တဲ့ ေမာင္သီဟေအာင္က ဝမ္းဗိုက္ကိုထိၿပီး ပြဲခ်င္းၿပီးေသသြားတယ္။ က်န္တဲ့ အလုပ္သမား ရြာသား ၂ဝကိုေတာ့ ရိုက္ႏွက္ၿပီး ဖမ္းဆီးသြားတယ္” ဟု ေဒသခံျပည္သူ တစ္ဦးကေျပာဆိုသည္။

အဆိုပါ ဖမ္းဆီးခံရသူ ၂၀ ဦးသည္ သရက္ေခ်ာင္းၿမိဳ႕နယ္ ေစာ္ဖ်ားေက်းရြာ ဇာတိ ေနထိုင္သူ ၁၀ ဦးပါဝင္ၿပီး ၎တို႔သည္ နယ္ျခားေရျခားတြင္ သာမန္အလုပ္လုပ္ကိုင္ၿပီး အျပစ္မဲ့ ဖမ္းဆီးခံရသူမ်ားသာ ျဖစ္ေၾကာင္း ေဒသခံတစ္ဦးမွဆိုသည္။

credit

unicode

ကော့သောင်း လုံးဖောရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အသက် ၁၁ နှစ်အရွယ် မောင်သီဟအောင်ကို ပစ်သတ်ပြီး ကျေးရွာသား ၂ဝဦးကို ရိုက်နှက် ဖမ်းဆီးသွား

ကော့သောင်းမြို့နယ် လုံးဖောကျေးရွာ ထိုင်းနယ်စပ်ရှိ ရော်ဘာအလုပ်ရုံတွင် ဖခင်နှင့် အတူအလုပ်ကူညီကိုင်နေသည့် အသက် ၁၁ နှစ်အရွယ် မောင်သီဟအောင်ကို

အောက်တိုဘာလ ၁ဝရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်သတ်ခဲ့ပြီး

အဆိုပါ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကျေးရွာသား ၂ဝဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

” ဖြစ်စဉ်အဓိကကတော့ ပျူစောထီး ခေါင်းဆောင် ဦးအောင်စိန်နှင့် ဦးမောင်ရီတို့ပေါ့။

သူတို့က မောင်သီဟအောင်ရဲ့ အဖေဖြစ်တဲ့ ကိုလင်းထွန်းကို ဖမ်းဖို့ဆိုပြီး သတင်းပေးတာပေါ့။

ဖမ်းခိုင်းတဲ့ အကြောင်းရင်းကတော့ ပျူစောထီး ခေါင်းဆောင် ဦးမောင်ရီရဲ့ မိန်းမနဲ့ တူဖြစ်သူကို သေနတ်ပစ်သွားတဲ့ တရားခံက ကိုလင်းထွန်းဆိုပြီး ဖမ်းခိုင်းတာ ဖမ်းတော့ စစ်ခွေးတွေက ပစ်ပြီးဖမ်းတာပေါ့။

ကိုလင်းထွန်းက သေနတ်ဒဏ်ရာရတယ်။ သူ့သားဖြစ်တဲ့ မောင်သီဟအောင်က ဝမ်းဗိုက်ကိုထိပြီး ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့ အလုပ်သမား ရွာသား ၂ဝကိုတော့ ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၂၀ ဦးသည် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ ဇာတိ နေထိုင်သူ ၁၀ ဦးပါဝင်ပြီး ၎င်းတို့သည် နယ်ခြားရေခြားတွင် သာမန်အလုပ်လုပ်ကိုင်ပြီး အပြစ်မဲ့ ဖမ်းဆီးခံရသူများသာ ဖြစ်ကြောင်း ဒေသခံတစ်ဦးမှဆိုသည်။

credit

By admin

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *