ဟိုတနေ့တုန်းကမင်းအုပ်စိုးကိုသတိရပါ ဆိုတဲ့ခေါင်းစဉ်နဲ့စာစုတစ်ခုရေးဖြစ်ပါတယ်အလုပ်ကြော်ငြာ ဆိုပေမယ့်လည်းဇာတ်လမ်ဇာတ်ညွှန်းဒါရိုက်တာသရုပ်ဆောင်လည်းဖြစ်ကဗျာရေးတတ် စာရေးတတ်အယ်ဒီတာချုပ်လည်း လုပ်တတ်တဲ့ကောင်ဖြစ်နေတော့လုပ်ငန်းကြော်ငြာကို

 




 



ဆက်ကြတဲ့သူတိုင်းကမင်းအုပ်စိုးနဲ့ တွေ့ချင်တယ်မင်းအုပ်စိုးနဲ့ စကားပြောချင်တယ်လို့ချည်းပဲတောင်းဆိုတတ်ကြပါတယ်ရှင်းရှင်းလေးပဲဗျာအစကတည်းကဖုန်းဆက်သမျှ လူတိုင်းနဲ့လက်ခံစကားပြောချင်တယ်ဆိုရင်ကျွန်တော်ကိုင်တဲ့

 

ဖုန်းနံပါတ်ကို ထည့်ပေးထားမှာပေါ့ကျွန်တော်တို့တိုင်းပြည်မှစိတ်ဓာတ်ပိုင်းဆိုင်ရာအင်မတန်မှအောက်တန်းကျတဲ့လူစားမျိုးတွေ ရှိနေပါတယ်ဝမ်းနိုင်းနိုင်းလိုဌာနမျိုးကို ဖုန်းလှမ်းဆက်ပြီးပေါက်တတ်ကရပြောတဲ့သူတွေမီးသတ်ဌာနကို ဖုန်းလှမ်းဆက်ပြီးမမှန်သတင်းပေးတဲ့သူတွေ


ဖုန်းလှမ်းဆက်ပြီး ဆဲနေကြမှာမို့ကျွန်တော့်မှာသေးပေါက်ချိန်တောင်မရမှာသေချာပါတယ်ကျွန်တော့် ဖုန်းနံပါတ်ကိုကြော်ငြာထဲမှာထည့်ရေးပေးရလောက်အောင်လည်းမင်းအုပ်စိုးကမတုံးသေးမအသေးမပေါသေမရူးသေးပါဘူးဗျာပြီးတော့အလုပ်ကြော်ငြာထဲမှာထည့်ပေးထားတဲ့

 


နှုတ်ခမ်းမွှေးနဲ့ခပ်ချောချောဘဲကြီးမှာအချိန်တွေပိုမနေပါဘူးအဲ့ဒီတော့အမှန်တကယ်အလုပ်အပ်ချင်တဲ့သူတွေကကျွန်တော်နဲ့စကားမပြောရကျွန်တော့်အသံမကြားရတော့ဒီလုပ်ငန်းဟာ မင်းအုပ်စိုး အစစ်လုပ်တာ မဟုတ်ပါဘူးမင်းအုပ်စိုးအတုပါလို့ ထင်သွားတတ်ကြပါတယ်တကယ်ကတော့

မင်းအုပ်စိုး အစစ်ကြီးကိုယ်တိုင်ဒီအလုပ်ကိုစနစ်တကျ ဦးစီးကွပ်ကဲပြီး လုပ်နေတာပါလုပ်ငန်းကလည်း လည်ပတ်နေပါပြီဒါကဒီအလုပ်ကို မင်းအုပ်စိုးအစစ်ကိုယ်တိုင်လုပ်နေတာမဟုတ်ပါဘူးလို့ ယုံကြည်နေကြတဲ့သူတွေကိုရှင်းပြပေးတာပါ

 



ကျွန်တော်နဲ့ဖုန်းပြောချင်တယ်ဆိုရင်လည်း ပြောလို့ရပါတယ်လူချင်းတွေ့ချင်တယ်ဆိုရင်လည်း တွေ့လို့ရပါတယ်ဖုန်းပြောတဲ့အတွက်ကတော့လူကြီးမင်းတို့အနေနဲ့ ဝန်ဆောင်ခပေးစရာမလိုပါဘူးကျွန်တော်နဲ့တွေ့ချင်တယ်လူကြီးမင်းတို့ရဲ့လုပ်ငန်းကိစ္စကိုလူချင်းဆုံပြီးရှင်းပြချင်တယ်

 

အကြံညဏ်တောင်းချင်တယ်ဆွေးနွေးချင်တယ်ဆိုရင်ကျွန်တော့်ဘက်က မျက်နှာချင်းဆိုင်ပြီးလက်ခံတွေ့ဆုံဆွေးနွေးပေးဖို့ အဆင်သင့်ပါပဲဒါပေမယ့်အဲဒီလို တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာမှုအတွက်မိတ်ဆွေတို့အနေနဲ့ ပိုက်ဆံပေးရပါလိမ့်မယ်ကျွန်တော်နဲ့ အလုပ်လုပ်ဖြစ်သည်



 


စောက်ကြီးကျယ်လိုက်တာကွာလို့ထင်ချင်ရင်လည်းထင်လို့ရပါတယ်ပြောချင်ရင်လည်းပြောလို့ရပါတယ်ဒါပေမယ့်ကျွန်တော့်ဘက်ကကျတော့အသက်နဲ့ လောင်းကြေးထပ်ထားရတဲ့အလုပ်ဖြစ်နေတာမို့ riskအများကြီးယူရတာကြောင့်ကိုယ်လက်ခံတွေ့ဆုံရမယ့်လူတွေရဲ့

အဆင့်အတန်းနဲ့ အခြေအနေကိုအဲလိုဝန်ဆောင်မှုငွေကြေးနဲ့ပိုင်းခြားထားလိုက်တာပါဝမ်းနိုင်းနိုင်းလို ဌာနမျိုးကိုတောင်ဖုန်းလှမ်းဆက်ပြီး ပေါက်တတ်ကရသတင်းတွေပေးတတ်တဲ့စတတ်ကြနောက်တတ်ကြတဲ့ လူတစ်ချို့ရှိနေတဲ့တိုင်းပြည်မှကျွန်တော်ကို တွေ့ချင်ပါတယ်လို့ကမ်းလှမ်းလာတဲ့လူတိုင်းကို

 


ခြောက်သိန်းပေးရမယ်လို့သတ်မှတ်ထားတဲ့အပေါ်မှာစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့သူတွေကတော့ားလည်ပေးကြမှာပါလူတစ်ကာအပေါ်အကောင်းမမြင်ကြယုကြည်ချက်မတူတာနဲ့ဆဲချင်နေကြတဲ့သူတွေအတွက်ကတော့တစ်နာရီ ခြောက်သိန်းယူတယ်ဆိုတဲ့ကိစ္စကိုဝိုင်းဆဲကြဝိုင်းလှောင်ကြဝိုင်းရိကြဦးမှာပါပဲ

မင်းတို့တွေဘက်ကဘယ်လိုမျိုးပဲ တုံ့ပြန်တုံ့ပြန် ပုတ်ခတ်ပုတ်ခတ်ငါကတော့ငါ့အလုပ် ငါဆက်လုပ်နေမှာပဲမင်းတို့တွေရဲ့ဆဲဆိုကဲ့ရဲ့ရှုံ့ချလှောင်ပြောင်မှုကိုဂရုမစိုက်လို့ပေါ့ကွာဟုတ်ကဲ့ကျွန်တော်မင်းအုပ်စိုးအစစ်ပါခင်ဗျာ

 

By admin

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *